Sunday, 24 July 2011

ဆရာတော်၏ ဝေဖန်ချက်

အစိုးရတို့ နှင့် ဆက်ဆံကျွမ်းဝင်၍ မျက်နှာလိုလားကြသောသူ အများပင်ရှိသောကြောင့် ဝံသာနုအမျိုးသားတို့ ကောင်းစီမဝင်သော်လည်း ကောင်စီ၌ အမတ်မရ မရှိနိုင်ဟု ဆရာတော်ကမဆိုလို။ 

ဗြူရိုကရက်တို့နှင့်နှောက်ယှက်ကြံစည်ရသော် အကျိုးထူးတစုံတရာ ခံစားကြရပေလိမ့်မည်ဟု ရိုးဖြောင့်စွာအယူရှိသော သူများလည်းရှိကြပေသည်။ 

၎င်းတို့နှင့်အပေါင်းပါမိတ်ဆွေတို့ကဲ့သို့ပင်လျှင် တိုင်းပြည်နှင့် အမျိုးသားကို ချစ်ခင်သောသူများရှိကြပေသည်။ 

သို့သော်ထိုသူတို့သည် ဆွေးဆွေးနွေးနွေးဆောင်ရွက်ခြင်းကို အလိုရှိ၍ သူရဲ့ဘောသတ္တိနည်းသော လူများဖြစ်ကြခြင်းကြောင့် ရွတ်ရွတ်ချွန်ချွန်မဆောင်ရွက်ဝံ့ကြပေ။ 

ထိုပုဂ္ဂိုလ်များတို့သည် စွန့်စား၍ ရွတ်ရွတ်ချွန်ချွန်ဆောင်ရွက်သူများက ရှောင်ရှား၍ပေးသောအခါမှ အသင့်သွားရောက်၍ ကျော်ေ စာထင်ရှားစွာ ပြည်သူအများ၏ နယကဦးစီးပြုလုပ်ကြပါစေ။ 

သို့ရာတွင် ကာလရှည်လျားလာသော အခါ ထိုသို့သော ပုဂ္ဂိုလ်တို့သည် အစိုးရတို့၏ ပိုက်ကွန်အတွင်းသို့ ဆင်းလျက် အစိုးရတို့၏ အယူဆ သဘောမျိုးအတိုင်း ယူဆကြပေလိမ့်မည်။ 

ထိုပုဂ္ဂိုလ်တို့သည် ဏ္ဍရိယအာဏာဖြင့် ဖိစီးတတ်သောသူများ ဖြစ်လာပေလိမ့်မည်။ (ဤစကားမှာ နောင်သဘောပြောင်းလဲသွားမည်ကိုသာ ပြောခြင်းဖြစ်၏။)

အမျိုးသားတို့သည် သူရသတ္တိနည်းပါးကြမှုကား ခွန်အားဗလနှင့် ပြည့်ဝသော သူတို့နှင့် ပူးပေါင်းဆောင်ရွက်သော်လည်း မုချပျက်စီးရလိမ့်မည်။ 

သူရသတ္တိနည်းသော အမျိုးသားတို့သည် ဗြူရိုကရက်တို့၏ သြဇာခံအာဏာသားများ ဖြစ်ကြရပေလိမ့်မည်။ 

ထိုထိုဂ္ဂိုလ်တို့သည် မိမိတို့ရည်ရွယ်ရင်း အကြံကို စွန့်ပစ်၍ တိုင်းပြည်ရေးရာ၌ ပေလာယျဖြစ်နေပေလိမ့်မည်။

No comments:

Post a Comment